တောနက်ကြီးသည် တည်ကြည်,ငြိမ်သက်,လေးနက်သော သမာဓိအတွက်ဖြစ်သည်။

ဖားအောက်တောရ မဟိန္ဒုလှိုဏ်-ဂူကျောင်း, သီရိလင်္ကာ

“ရဟန်းတို့ ရဟန်းတို့သည် တောကျောင်းတို့၌ လိုလားသောစိတ် ရှိနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။”

- -မြတ်ဗုဒ္ဓ-

မဟာပရိနိဗ္ဗာန သုတ္တံ

ကမ္မဋ္ဌာန်း အားသစ်ရာ သမိုင်းဝင်မြေ - မဟိန္ဒုလှိုဏ်-ဂူကျောင်း

လင်္ကာဒီပ၏ အရှေ့မြောက်ဒေသ ဂေါမရန်ကာဒဝလ,နယ် ယာနော့ယ,တောအုပ်ရှိ ဤအရံသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀-အထက် ရွှေခတ်ထူးကာလ အမိ,သီရိလင်္ကာ၏ ကောင်းကင်တခွင်အား အရိယာသူတော်စင်ကြီးများ ဥဒဟိုလှည့်လည်ခဲ့ရာ နေရာ၊ နိုင်ငံအဝှမ်း တစ်နံတစ်လျား ထေရဝါဒတရားဓမ္မများနှင့် မွမ်းမံခြယ်သခဲ့ရာ ဘူမိနက်သန်။

မဟိန္ဒုလှိုဏ်-ဂူကျောင်းသည် အနုရာဓပူရခရိုင် ပါဒဝိယ,ကျေးရွာအုပ်စုကြီးအပိုင် ယာတောအစပ်မှ ဥရဲဝ,ရွာငယ်လေးအနီး တည်ရှိပါသည်။  ရှေးဟောင်းသုတေသနဌာနက ရှာဖွေမှတ်သားထားရှိခဲ့သည့် ရှေးနှစ် ၂၀၀၀-ကျော်အထက်က ရဟန်းသံဃာတော်များ ဆိတ်ငြိမ်ရာရှာ သီတင်းသုံးခဲ့သော ဤလှိုဏ်ဂူကျောင်းကို ပြန်လည်ဆန်းသစ်၍ မျက်မှောက်ခေတ် ယောဂီများထံသို့ ဆောင်နှင်းအပ်ပါသည်။ အထူးဆိတ်ငြိမ်ရာဝန်းကျင်နှင့်အတူ နေရာထိုင်ခင်း, ဆိုလာမီး, ရေသွယ်ပိုက်စသော ခေတ်မှီအသုံးအဆောင်များနှင့်တကွ အစားအသောက်များကို ပံ့ပိုးမည် ဖြစ်ပါသည်။

ကျင့်စဉ်အားဖြင့် မြတ်ဗုဒ္ဓ၏ ရှေးရိုးနည်းစဉ်များကို စုစည်းဖွဲ့ဆိုထားရာ ဝိသုဒ္ဓိမဂ်လမ်းကြောင်းပင် ဖြစ်သည်။ အေဒီ ၅-ရာစုတွင် ဘဒ္ဒန္တအာစရိယဗုဒ္ဓဃောသအရှင်သူမြတ်ကြီးက ပြုစုခဲ့သည့် ဤဝိသုဒ္ဓိမဂ်ကျမ်းပါ နည်းနာများကို မြန်မာနိုင်ငံမှ တရားပြဆရာကြီး ဖားအောက်တောရဆရာတော်က လက်ဆင့်ကမ်း သယ်ဆောင်ပို့ချသည့်  ကျင့်စဉ်ပင် ဖြစ်လေသည်။ 

ကျွန်ုပ်တို့ကိုရှာပါ