ကျွန်ပ်တို့နှင့်အတူ တရားအားထုတ်ကြမည်
ရက်တိုတိုနှင့် နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသူ ပြင်းထန်သော ဝီရိယဖြင့် ကြိုးပမ်းအားသစ်လိုသူ ယောဂီများကို ကြိုဆိုပါသည်။ ရဟန်းသံဃာနှင့် အမျိုးသားယောဂီများအတွက် အဆင်သင့်ဖြစ်ပါပြီ။ (အမျိုးသမီးများအတွက် မရနိုင်သေးပါ။)
ကျွန်ပ်တို့နှင့်အတူ တရားဓမ္မကိုကျင့်လိုပါက သင့်၏ ပန်ကြားချက်ကို ဤလိပ်စာသို့ mihindulena@gmail.com အီးမေးပို့ပါ။
သင်၏ တောင်းဆိုမှုအပေါ်မူတည်၍ ဗီဇာရရှိနိုင်ရန် ကူညီပေးပါမည်။
ပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်
ကျောင်းနယ်နိမိတ် နှစ်ဖက်စလုံးသည် ယာနော့ယ,မြစ်နှင့် ထိစပ်ကာ သဘာဝအတိုင်း တည်ရှိနေသည့် သစ်တောကြီးများဖြင့် ဝိုင်းရံလျက်ရှိသည်။ ကျောင်းနေရာသည် သီရိလင်္ကာအပူပိုင်းဒေသဟုခေါ်သောအရပ်တွင် ရှိနေသော်ငြားလည်း မြစ်၏ကပ်လျက်တည်ရှိနေမှုကြောင့် အပူပိုင်းဇုန်၏ သွင်ပြင်လက္ခဏာများနှင့် မတူကွဲပြားလျက်ရှိသည်။
ကျောင်း၏ တောင်မြင့်လေးပေါ်ကကြည့်လျှင် ဟက်တာထောင်ချီသော တောထူထူနက်နက်ကို မြင်တွေ့နိုင်ပါသေးသည်။ ဆင်, သမင်, ဆတ်, တောဝက်နှင့် ဒေါင်းများမှာ ကျောင်းဝန်းကျင်တွင် ပုံမှန်လှည့်လည် ကျက်စားလေ့ရှိပါသည်။ ဤတောတွင် ရှားပါးလှသည့် သစ်နှင့်ဝံတို့ရှိပါသော်လည်း ကြုံတောင့်ကြုံခဲပင်။ ကျွန်ုပ်တို့သည် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆန်တို့ကို ချစ်မြတ်နိုးသည့်အားလျော်စွာ ပေါ်လီသင်း, ပလပ်စတစ် စသောအမှိုက်သရိုက်များများကို ကျောင်းဝန်းနှင့် ပတ်ဝန်းကျင်တွင် မစွန့်ပစ်ခြင်းဖြင့် ၎င်းတို့အား ကောင်းကျိုးမျှဝေကြပါမည်။
ဆွမ်းခံရွာ
ကျောင်းသံဃာများသည် တစ်ပတ်လျှင်နှစ်ကြိမ် အနီးရှိ ဥရဲဝ,ရွာသို့ ဆွမ်းခံကြွကြပါသည်။ အိမ်စဉ်လှည့်၍ လုံလောက်အောင်ဆွမ်းခံရမည့် အသွားအပြန်ခရီးသည် ၈-ကီလိုမီတာခန့်ရှိပြီး ၂-နာရီခွဲခန့် ကြာမည်ဖြစ်ပါသည်။
တောထူထူခရီးဖြစ်၍ မဖြစ်မနေ လိုက်ပါဆွမ်းခံရန် မလိုအပ်ပါ။ အကယ်၍ အန္တရာယ်ရှိသော လေ့လာရေးခရီးတစ်ခု အဖြင့်ဖြစ်လည်းကောင်း၊ လမ်းတစ်လျှောက် စင်္ကြံကမ္မဋ္ဌာန်းရှုမှတ်လျက်လည်းကောင်း၊ သတ္တဝါများအား မေတ္တာပွားများပေးပို့လျက်လည်းကောင်း လိုက်ပါလိုမူ ဤစွန့်စားခန်းသည် မိမိကိုယ်ကိုမိမိတာဝန်ယူသည့် သင့်၏ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်ရမည်။
ကျင့်ဝတ် စည်းမျဉ်းစည်းကမ်းများ
ကျွန်ုပ်တို့သည် ဘုရားရှင်၏ ဝိနည်း ကျင့်ဝတ် စည်းကမ်းများကို စွဲမြဲစွာ လိုက်နာ ဆောက်တည်ကြပါမည်။ ဤကျောင်းတွင် နေထိုင် သီတင်းသုံးစဉ်တစ်လျှောက် ရဟန်းတော်များနှင့် သာမဏေများသည် သက်ဆိုင်ရာ ဝိနည်းသိက္ခာပုဒ်များကို လိုက်နာကြ၍ လူယောဂီအနေနှင့်မူ ၈-ပါးသီလကို ဆောက်တည် ကျင့်သုံး ကြရပါမည်။ |
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ
1. ၁။ အစားအစာ
အရုဏ်တက်မှ မွန်းတည့်ချိန်ကြား, ပုံမှန်ကျ နံနက် ၆း၃၀ နှင့် နံနက် ၁၁း၀၀တို့တွင် ၂-ကြိမ် (သက်သတ်လွတ်နှင့် ကြုံရာ) ကျွေးမွေးပါမည်။ ညနေ ၅း၀၀-တွင် ရိုးရာတိုင်းရင်ဆေးအဖျော် သို့မဟုတ် ဖျော်ရည်တို့ကိုလည်း တိုက်ကျွေးပါမည်။
2. ၂။ နေရာထိုင်ခင်း
ကျွန်ုပ်တို့တွင် နေရာထိုင်ခင်း သုံးမျိုးရှိသည်။
- ကျောက်ထွင်းဂူကျောင်း
- အုတ်တိုက်ကျောင်း
- ရွံ့မံကျောင်း
ကျောက်ထွင်းဂူကျောင်းကို အနုရာဓပူရခေတ် မတိုင်မီ လွန်ခဲ့သောနှစ်-၂၀၀၀ ကျော်ခန့်မှ အဆင့်ဆင့်တိုးတက် တည်ဆောက်ခဲ့ကြသည်။ ခေတ်ရှေးဟောင်းအမွေအနှစ်တန်ဖိုးသင့်သည့် အနည်းငယ်မျှသော ဤကျောက်ထွင်းဂူကျောင်းများကို မဟိန္ဒုလှိုဏ်-ဂူကျောင်းတွင် နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ ကြရပေမည်။
တစ်ပါးကျောင်းအနေဖြင့် အုတ်တိုက်ကျောင်းလေးများလည်း ရေချိုး,အိပ်သာတွဲလျက် စီစဉ်ထားပါသည်။
အနီးအနားရှိ ကျေးရွာသားများ၏ ကောင်းမှုအဖြင့် ရွံ့မံကျောင်းလေးများလည်း အသုံးတော်ခံရန် အဆင်သင့် ဖြစ်ပါသည်။
ပုံမှန်အားဖြင့် အုတ်တိုက်ကျောင်းလေးများတွင် တစ်ဦး(တစ်ပါး),တစ်ကျောင်း နေရာရနိုင်ပါသည်။ အချို့ကာလများတွင်မူ တစ်ကျောင်းတွင် တစ်ဦး(တစ်ပါး)မက မျှဝေ သုံးစွဲရနိုင်ပါမည်။
ကျောက်ထွင်းဂူကျောင်း
အုတ်တိုက်ကျောင်း
ရွံ့မံကျောင်း
3. ၃။ ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များ
ကျောင်းနှင့်မကွာဝေးလှသည့် ပါဒဝိယရွာကြီးနှင့် ပူးမူဒေ့မြို့ငယ်လေးရှိ အစိုးရဆေးရုံတွင် စောင့်ရှောက်ကုသမှုကို အခမဲ့ ရရှိနိုင်ပါသည်
၄။ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု
မဟိန္ဒုလှိုဏ်-ဂူကျောင်းသည် အများပြည်သူသုံး ယာဉ်လိုင်းများ ပြေးဆွဲရာ လမ်းမကြီးနှင့် ၁၀-ကီလိုမီတာခန့် အကွာအဝေးတွင် တည်ရှိပါသည်။ သို့ပါ၍ မိမိကိုယ်ပိုင် ကျခံမှုဖြင့် သက်သာသောနှုန်းထားဖြင့် အဌားယာဉ်များကို စီစဉ်ပေးနိုင်ပါသည်။ |
ထေရဝါဒ ရဟန်း,သာမဏေများကိုမူ တောင်းဆိုချက်ပေါ်မူတည်၍ ကျောင်းက ဝန်ဆောင်မှု ပေးပါမည်။ |
၅။ လျှပ်စစ် ပံ့ပိုးမှု
နေရာထိုင်ခင်း အားလုံးနီးပါး၌ ဆိုလာမီးကိုလည်းကောင်း တစ်ကိုယ်ရေသုံး လျှပ်စစ်ပစ္စည်းများ အားသွင်းနိုင်ရန်ကိုလည်းကောင်း စီစဉ်ထားပေးပါသည်။
ကျောင်းနှင့် ၁-ကီလိုမီတာအဝေးရှိ စားဖိုမှူးကပ္ပိယ၏နေရာနှင့် မီးဖိုချောင်ကို လျှပ်စစ်မီး အဓိကပံ့ပိုးထားရပါသည်။